မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်း
မြန်မာနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းဖြစ်ပေါ် လာပုံ အကျဥ်းချုပ်
အသင်းဖြစ်ပေါ်လာပုံ အကျဥ်းချုပ်
၁၉၉၇
ခုနှစ်၊ ဇူလှိုင်လ ၁၂ ရက်နေ့ တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ(၂၆) အရ
မှတ်ပုံတင်အမှတ် ၄ဝ၁/၁၉၉၇-၁၉၉၈ ဖြင့် စတင်တည်ထောင်ခဲ့သည်။
၁၉၉၈
ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ( Union of Myanmar Federation of Chambers of
Commerce and Industry, UMFCCI ) ညီနောင်အသင်း
တစ်သင်း ဖြစ်လာခဲ့သည်။
၂၀၀၂
ခုနှစ် တွင် ကနေဒါနိုင်ငံ၊ အော့တဝါလ်မြို့တွင် ရုံးစိုက်ဖွင့်လှစ်ထားသော အပြည်ပြည်
ဆိုင်ရာအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် ၏( International
Federation of Customs Brokers Association, IFCBA) အသင်းဝင်ဖြစ်လာခဲ့သည်။
၂၀၀၆
ခုနှစ် တွင် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ
အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်အသင်း အမည်ကို မြန်မာနိုင်ငံအကောက်ခွန်
လုပ်ငန်းများဆိုင်ရာဝန်ဆောင်သူများအသင်း အမည်သို့ ပြောင်းလဲခဲ့သည်။
၂၀၁၇ ခုနှစ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး အတည်ပြုချက်ဖြင့် အသင်း၏ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းများကို အသစ်ပြန်လည်ရေးဆွဲနိုင်ခဲ့ပြီး အသင်းအမည် ကိုလည်း မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အမည်သို့ ပြောင်းလဲခဲ့သည်။
အသင်း၏ ရှေ့လုပ်ငန်းစဉ်များ
ကုန်သွယ်မှု
နယ်ပယ်တွင် လိုအပ်လျက်ရှိသော အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း အထောက်အကူပြု
သင်တန်းများ ( Practical Customs Clearance Service Trainings) ဖွင့်လှစ်ခြင်၊
အသင်းဝင်များ၏
အရည်အသွေးမြင့်မားလာစေရန် ကျွမ်းကျင်မှုဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုး
တိုးတက်မှုအစီအစဉ် ( Continuous Professional Development CPD
Programm )အရ ဆွေးနွေးပွဲများ၊
သင်တန်းများကျင်းပခြင်း၊
ကုန်သွယ်မှုနှင့်
အကောက်ခွန်ဆိုင်ရာလုပ်ငန်းများတွင် … ကြုံတွေ့နေရသောအခက်အခဲများကို ( Issues and
Challenges ) သုသေတနများ( Research
& Survey ) ပြုလုပ်ကာ ဖော်ထုတ်ခြင်း၊
ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်အတွက်
သက်ဆိုင်ရာဌာနများထံသို့ အခက်အခဲအတား အဆီးများ ( Barriers to Trade ) ကို အသိပေးတင်ပြခြင်း၊ ဖြေလျော့မှုများ(Liberalization)
ဆောင်ရွက်ပေးရန် တောင်းဆိုခြင်း၊
ဒေသဆိုင်ရာညီနောင်
အကောက်ခွန် ၀န်ဆောင်မူအသင်းများ-
မူဆယ်-နမ့်ခမ်း
နယ်စပ်ဒေသ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ၂ဝ၁၃
Muse-Nankham Customs Broker Association
မြဝတီနယ်စပ်ဒေသ
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ၂၀၁၄ Myawaddy Customs Broker
Association
တာချီလိတ်နယ်စပ်ဒေသ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ၂ဝ၁၄ Tachileik Customs Broker
အသင်းဝင်အမျိုးအစားများ
ရိုးရိုးအသင်းသားများ(Ordinary Member)
ရိုးရိုးအသင်းသား(က)အဆင့် အသင်းသားသည် အကောက်ခွန်ဦးစီးဌာနမှ အသိအမှတ်ပြု
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူ မြန်မာနိုင်ငံသားများ၊
ရိုးရိုးအသင်းသား(ခ)အဆင့်
အသင်းသားသည် တရားဝင်အသိအမှတ်ပြု ..
အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရှိသော လုပ်ငန်းတစ်ခုတွင်
အကောက်ခွန်ဦးစီးဌာန၌ မှတ်ပုံတင်၍ ခန့်ထားသော မြန်မာနိုင်ငံသားဝန်ထမ်းများ။
တွဲဖက်အသင်းသားများ(Association Member)
မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း . အဖွဲ့များကို တွဲဖက်အသင်းသားအဖြစ် သတ်မှတ်သည်။
တသီးပုဂ္ဂလအသင်းသားများ(Individual
Member)
အကောက်ခွန်ဝန်ဆောင်မှုသင်တန်းအောင်မြင်ပြီးသော်လည်း
အကောက်ခွန်ဝန်ဆောင်မှုလုပ် ငန်းဆောင်ရွက်ခြင်းမရှိသူ မြန်မာနိုင်ငံသားများ၊
အသင်း၏ ပြည်တွင်းမိတ်ဖွဲ့ အသင်းအဖွဲ့များ
မြန်မာနိုင်ငံ
ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်း (Myanmar Container Truck Association)
မြန်မာနိုင်ငံအဝေးပြေး
ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (Myanmar Highway Cargo Truck
Association)
မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ
ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (Myanmar International Freight
Forwarder Association)
မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးအသင်း
(Myanmar
Transport and Logistics Association)
အသင်းသားအရည်အချင်းများ
အကောက်ခွန်ဦးစီးဌာနမှ
အသိအမှတ်ပြု အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသူ မြန်မာနိုင်ငံသားများ
( အဝါကတ်ကိုင်ဆောင်သူများ)
တရားဝင်အသိအမှတ်ပြု
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရှိသော လုပ်ငန်း တစ်ခုတွင်
အကောက်ခွန်ဦးစီးဌာန၌ မှတ်ပုံတင်၍ ခန့်အပ်ထားသော မြန်မာနိုင်ငံသား ဝန်ထမ်းများ၊
(ပန်းရောင်ကတ်ကိုင်ဆောင်သူများ)
အကောက်ခွန်ဝန်ဆောင်မှုသင်တန်း
အောင်မြင်ပြီးသူများ၊
မြန်မာနိုင်ငံ၏
နယ်စပ်ဒေသများရှိ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းများ၊
အသင်းဝင်အဖြစ်လျှောက်ထားသူသည်
ဥပဒေအရလူမွဲအဖြစ်လည်းကောင်း၊ အမည်ပျက် စာရင်းဝင် (Black List) အဖြစ်လည်းကောင်း၊ ကြေညာခံရသည့် အသင်းအဖွဲ့/ ပုဂ္ဂိုလ် မဖြစ်စေရ။
စိတ်ပေါ့သွပ်ရူးနှမ်းသူ
မဖြစ်စေရ၊
သာသနာ့ဘောင်သို့အပြီးဝင်ရောက်ထားသူ
မဖြစ်စေရ၊