CODE OF CONDUCTS

CODE OF CONDUCTS Detail

အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်းသည်-

(က) မိမိတို့ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးစဉ် ရရှိလာသည့် သတင်းအချက် အလက်များအား မပေါက်ကြားစေဘဲ လျှို့ဝှက်ထားရန်အာမခံရမည်။ အောက်ပါအခြေအနေများမှလွဲ၍ အခြားသူများအား အသိမပေးရ။

 (၁) ၎င်းသတင်းအချက်အလက်သည် အများပြည်သူသိရှိပြီး အချက်အလက်ဖြစ်ခြင်း၊

 (၂) လုပ်ငန်းဆိုင်ရာ တရားဝင်လိုအပ်ချက်အရ အကောက်ခွန်ဦးစီးဌာနနှင့် အခြားသော အစိုးရဌာနများသို့ ပေးပို့ရသည့် သတင်းအချက်အလက်ဖြစ်ခြင်း၊

 (၃) ၎င်းသတင်းအချက်အလက်ကို ထုတ်ပေးရန် ဥပဒေအရ၊ တရားစီရင်မှုအရ အမိန့်ထုတ်ပြန်ခြင်း၊

 (၄) မိမိတို့၏ အလုပ်အတွက် ၎င်းသတင်းအချက်အလက်ကို ထုတ်ပေးရန်လိုအပ်ခြင်း၊

(ခ) အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးစဉ်ရရှိသည့်သတင်းအချက်အလက်များကို ၎င်းအလုပ်ကိစ္စ အတွက်မှလွဲ၍ အခြားကိစ္စအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။

(ဂ) အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးစဉ် ရရှိပြီး မိမိတို့ထိန်းချုပ်မှု အောက်တွင် ရှိသည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများအား ကာကွယ်၊ ထိန်းသိမ်းရမည်။

(ဃ) အလုပ်ကိစ္စကြောင့် လက်လှမ်းမီရရှိလာသည့် သတင်းအချက်အလက်များအားအလွဲသုံးစားပြုခြင်း၊ ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ဖယ်ရှားခြင်း၊ အခွင့်မရှိဘဲ အသုံးပြုခြင်း တို့မှ ရှောင်ကြဉ်ရမည်။