ကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်းသည်
(က)ဤပညာရပ်နယ်ပယ်သို့ဝင်ရောက်သည့်အတွက်လည်းကောင်း၊ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ဆက်လက်ရရှိရေးအတွက်လည်းကောင်း၊ လိုအပ်သည့်အရည်အချင်းစံ များကို အမြဲထိန်းသိမ်းရမည်။
(ခ)အကောက်ခွန်ဦးစီးဌာနက .. ပြဌာန်းသည့်စည်းကမ်းချက်များ၊ လိုင်စင်နှင့်ပတ်သက်သည့် သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး၊ ပညာရပ်ဆိုင်ရာဗဟုသုတ၊စွမ်းရည်များကိုထိန်းသိမ်းရန် စီစဉ်ရေးဆွဲထားသည့် ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ် (Continuous Professional Development,CPD) ကို တက်ရောက်ရမည်။
(ဂ)မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း နှင့် အဖွဲ့များကပို့ချသည့်သင်တန်းများ၊ အကောက်ခွန်ဦးစီးဌာနက အသိအမှတ်ပြုခံရသည့် ပြည်တွင်း ပြည်ပပညာရေးဌာနများ၊ သင်တန်းများ စသဖြင့် ပညာရပ်ဖွံ့ဖြိုးရေး အခွင့်အလမ်းများကို အတွက် ဖန်တီးပေးရမည်။
(ဃ)အကောက်ခွန်ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ဤလုပ်ငန်းနယ်ပယ်ရှိ အခြားသူများအား စွမ်းရည်ထက်မြက်မှုကို တိုးတက်စေရမည်။