အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်းသည် -
(က) ဥပဒေကိုမှန်ကန်စွာကျင့်သုံးနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနနှင့် အခြားသော မြန်မာ့အာဏာပိုင် အဖွဲ့အစည်းများအား ပံ့ပိုးပေးနိုင်ရမည်။
(ခ) မမှန်မကန်မှုများ၊ ဥပဒေစည်းကမ်းချိုးဖောက်မှုများ၊ လိမ်လည်မှုများ၊ အဂတိလိုက်စားမှုများ၊ အခြားမလျော်ကန်သည့် လုပ်ဆောင်ချက်များကို ကာကွယ်ရန်အတွက်၎င်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရမည်။
(ဂ) အကောက်ခွန်ဦးစီးဌာနနှင့် အခြားမြန်မာ့အာဏာပိုင်အဖွဲ့အစည်းများက တောင်းဆိုသည့် သတင်းအချက်အလက်များကို လျှို့ဝှက်ရမည့်အရာမဟုတ်လျှင် ပေးအပ်ရမည်။