CODE OF CONDUCTS

CODE OF CONDUCTS Detail

အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်းသည်-

(က) အကောက်ခွန်အရာရှိတစ်ဦးဦးကိုဖြစ်စေ၊ အခြားအစိုးရအရာရှိ တစ်ဦးဦး၏ လုပ်ငန်း တာဝန်များကိုလုပ်ဆောင်စေရန်ဖြစ်စေ၊ ကြန့်ကြာစေရန်ဖြစ်စေ၊ မလုပ်ဆောင်စေရန်ဖြစ်စေ ရည်ရွယ်လျက် ၎င်းတို့အား တံစိုးလက်ဆောင်၊ အကျိုးခံစားခွင့်၊ မက်လုံးတစ်ခုခုကို ကမ်းလှမ်းခြင်းတို့ကို ရှောင်ကြဉ်ရမည်။

(ခ) ကုန်စည်များ တင်သွင်းခြင်း၊တင်ပို့ခြင်း၊ ဖြတ်သန်းကုန်သွယ်ခြင်း၊ တဆင့်လွှဲပြောင်းခြင်း၊ ကုန်စည်သိုလှောင်ခြင်းတို့နှင့် ပတ်သက်သည့် ဥပဒေများ၊ စည်းကမ်းချက်များ၊ တရားဝင် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ရန်အတွက် တစ်စုံတစ်ယောက်အား ကူညီပံ့ပိုးခြင်းတို့ကို ရှောင်ကြဉ်ရမည်။

(ဂ) အကောက်ခွန်အရာရှိ တစ်ဦးဦးကို ဖြစ်စေ၊ အခြားအစိုးရအရာရှိ တစ်ဦးဦးကို ဖြစ်စေ မှားယွင်းသည့် သတင်းအချက်အလက်တစ်ခုခု သို့မဟုတ် ဆုံးဖြတ်ချက်မှားယွင်းစေနိုင်သည့် သတင်းအချက်အလက် တစ်ခုခုကို တမင်ရည်ရွယ်၍ ပေးခြင်းကို ရှောင်ကြဉ်ရမည်။

(ဃ) အကောက်ခွန်အရာရှိ တစ်ဦးဦးကို ဖြစ်စေ၊ အခြားအစိုးရအရာရှိ တစ်ဦးဦးကို ဖြစ်စေ စိတ်ကျေနပ်အောင်မြှောက်ပင့် ချော့မော့ခြင်း၊ အနိုင်ကျင့်ခြင်း၊အတင်းအကြပ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း တို့ကို ရှောင်ကြဉ်ရမည်။

(င) မိမိတို့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး၊ စီးပွားရေးဩဇာ သက်ရောက်မှုများ တောင်းဆိုခြင်း ရှောင်ကြဉ်ရမည်။