CODE OF CONDUCTS

CODE OF CONDUCTS Detail

အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတိုင်းသည် -

(က) မိမိတို့အကျိုးစီးပွားနှင့် ဝိရောဓိဖြစ်စေနိုင်သည့် မည်သည့်အခြေအနေမျိုးတွင်မဆို ပါဝင်ပတ်သက် ဆက်စပ်မှုများ မရှိစေရ။အများပြည်သူ သိရှိနိုင်သည်ထက်ပိုသော သတင်းအချက်အလက်ကို သိရှိနေလျှင်လေလံတင်မည့် သို့မဟုတ် ရောင်းချမည့်ကုန်စည်များအား ဖမ်းဆီးစဉ်က ပါဝင်ပတ်သက်ခဲ့လျှင်အများပြည်သူထက်ပို၍ အကျိုးခံစားခွင့်ရှိနိုင်သည့် အခြေအနေတွင် ရှိနေခဲ့လျှင် အကောက်ခွန်ဦးစီးဌာနက အများပြည်သူသို့ ပြုလုပ်သည့်လေလံ ရောင်းချမှုများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ တဆင့်ခံဖြစ်စေ ပါဝင်ခြင်းကိုရှောင်ကြဉ်ရမည်။ <br>

(ခ) လုပ်ငန်းအတွက် လိုအပ်ပါက အခြားကျွမ်းကျင်သူများ၏ အကြံဉာဏ်များကိုလည်းရယူကာ အကောင်းဆုံးဝန်ဆောင်မှုကို ပေးစွမ်းနိုင်ရမည်။ <br>

(ဂ) မိမိတို့ အလုပ်အား အကြောင်းပြု၍အကောက်ခွန်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုနှင့် ပတ်သက်၍ မိမိသဘောထားထင်မြင်ချက်များကို လူသိရှင်ကြား ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်။